Social Media Marketing ကို စီးပွားရေးမှာ ဘာ့ကြောင့် တွင်တွင်ကျယ်ကျယ် သုံးလာကြတာလဲ?

social media marketing

Written by Frank

Author at The Khant Digital

November 13, 2020

Digital Marketing ရဲ့ ကဏ္ဍခွဲ တစ်ခုဖြစ်တဲ့ Social Media Marketing ဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဒီလို ကျယ်ပြန့်လာတာဟာ Facebook, Instagram, Twitter & LinkedIn တို့ကို အသုံးပြုတဲ့ Social Media Marketing ရဲ့ တိုးပွားဖြန့်ကျက်နိုင်မှု အားကောင်းတဲ့ အတွက်ကြောင့်ဆိုရင်လည်း မမှားနိုင်ပါဘူး။ Social Media Marketing က Digital Marketer တွေအတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ကဲ ဒါဆိုရင် Social Media Marketing ကို စီးပွားရေးမှာ ဘာကြောင့် တွင်တွင်ကျယ်ကျယ် သုံးလာကြတာလဲဆိုတာ ကြည့်လိုက်ကြရအောင်။
၁။ မိမိ Brand ကို ပိုပြီး မြှင့်တင်နိုင်ပါတယ်။
Social Media ဟာ ကိုယ့်ရဲ့ Brand နဲ့ ကိုယ့်စီးပွားရေးကို သိသာမြင်သာအောင် မြှင့်တင်ပေးရာမှာ ထိရောက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ Marketing Platform ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Brand ကို Social Media မှာ တည်ဆောက်ပါ။ ပြီးရင်တော့ Marketing Strategy တွေ သုံးပြီး ကိုယ့် Brand ကို လူအများသိအောင် ကြေညာခြင်းက Social Media Marketing ကို အလွန်ထိရောက်စေပါတယ်။ Social Media Page က တစ်ဆင့် Customer တွေအတွက် အကျိုးရှိတဲ့ Content တွေ ပုံမှန်တင်ပေးခြင်းဖြင့် Audience တော်တော်များများကို ဖြန့်ကျက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
၂။ ကုန်ကျသက်သာပြီး ထိရောက်တယ်။
Advertising Strategy ထဲမှာဆိုရင် Social Media Marketing က ကုန်ကျသက်သာပြီး အထိရောက်ဆုံး နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာထိရောက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု နဲ့ တခြား Marketing ပိုင်းအတွက် ငွေပိုထွက်စေပါတယ်။ ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေဟာ Social Media Marketing ကို ပိုပြီး တွင်တွင်ကျယ်ကျယ် သုံးလာတယ်လို့ ဆိုနိုင်ပါတယ်။
၃။ Customer တွေနဲ့ Engage ပိုဖြစ်စေပါတယ်။
Social Media Marketing ရဲ့ အားသာချက်ကတော့ Customer တွေနဲ့ ပိုပြီး Engage ဖြစ်အောင်လုပ်နိုင်တာပါ။ Customer တွေရဲ့ မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို သိနိုင်အောင် Customer တွေနဲ့ ဆက်သွယ်နိုင်ဖို့ Social Media Marketing က တစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။ Customer နဲ့ များများ ဆက်သွယ်လေ ကိုယ့် Brand (သို့) စီးပွားရေးကို လူပိုသိလေပါပဲ။ Social Media Marketing က Customer တွေနဲ့ Engage ပိုဖြစ်အောင် လုပ်ဆောင်ပေးနိုင်တာကြောင့် စီးပွားရေးမှာ တွင်တွင်ကျယ်ကျယ် သုံးလာကြတာပဲ ဖြစ်ပါတယ်။
၄။ Customer တွေရဲ့ ယုံကြည်မှု၊ အားရကျေနပ်မှုကိုလည်း ရစေနိုင်ပါတယ်။
Social Media Platform ကို အသုံးပြုခြင်းကြောင့် Customer တွေနဲ့ Engage လုပ်ရတာပိုလွယ်ကူပါတယ်။ ထို့အတူ Customer တွေနဲ့ ဆက်သွယ်ရ ပိုမိုလွယ်ကူပြီး ရင်းနှီးမှု၊ ယုံကြည်မှုပိုရပါတယ်။ Customer တွေက ပိုစ့်အောက်မှာ Comment ရေးရင် ဂရုတစိုက်နဲ့ Reply ပြန်ခြင်းကလည်း Customer တွေအပေါ်အလေးထားမှုကို ပိုပြီးပေါ်လွင်စေပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Customer အပေါ် အလေးထားမှုကြောင့် အလားအလာရှိတဲ့ Customer တွေက ကိုယ့်ရဲ့ Customer အရင်းတွေ ဖြစ်လာနိုင်ပါတယ်။ Social Media Marketing က Customer တွေရဲ့ အားရကျေနပ်မှု၊ ယုံကြည်မှု တို့ကို ပိုပြီး ထင်ရှားစေတာကြောင့်လည်း စီးပွားရေးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဖြစ်ပါတယ်။
၅။ Website Traffic လည်းတိုးလာနိုင်စေပါတယ်။
ကိုယ့်ရဲ့ Website လင့်ခ်ကို Social Media ပေါ်မှာ ပြန် မျှဝေ ခြင်းအားဖြင့် Website ရဲ့ traffic ကို ပိုတိုးစေနိုင်တာကြောင့်လည်း Social Media Marketing ကို စီးပွားရေးအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ ဖြစ်ပါတယ်။
ဒီအချက် (၅) ချက်ကတော့ Social Media Marketing ကို စီးပွားရေးမှာ ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာရတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

You May Also Like…

Facebook Marketing ဆိုတာဘာလဲ?

Facebook Marketing ဆိုတာဘာလဲ?

Facebook marketing ဆိုတာ Social Media Marketing ထဲကအပိုင်းကဏ္ဍလေးတစ်ခုပါ။ ယနေ့ခတ် အမျိုးသမီး အမျိုးသား...

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *