Web Development ကို ဘယ်လိုလေ့လာကြမလဲ?

self study web development

Written by Frank

Author at The Khant Digital

November 13, 2020

(Self-study အတွက်ကို အဓိကဖော်ပြပေးထားပါတယ်။)
Web Development အကြောင်းရယ်၊ Web Development ကို ဘယ်ကနေ စလေ့လာသင့်တယ် ဆိုတာရယ်ကို ရှေ့ post နှစ်ခုမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီ post မှာတော့ Web Development ကို ဘယ်လိုလေ့လာကြမလဲ ဆိုတာကို တိုတိုနဲ့လိုရင်းရောက်အောင် ဖော်ပြပေးသွားပါမယ်။ ဘယ်လိုလေ့လာကြမလဲဆိုတာနဲ့အတူ ဘယ်မှာလေ့လာမလဲဆိုတဲ့အချက်ကလဲ အရေးကြီးလှပါတယ်။
အပြင်မှာရှိတဲ့ သင်တန်းတွေသွားတက်မလား၊ online ကပဲ self-study လုပ်ပြီးလေ့လာမလားဆိုတာလည်းစဉ်းစားစရာပါ။ ဘယ်ဟာက သင့်အတွက်ပိုအဆင်ပြေမလဲ? ဘယ်လိုလုပ်တာက သင်နဲ့ပိုပြီးကိုက်ညီမလဲ? Computer တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် တက်နေသူတွေ၊ ကျောင်းဆင်းတွေအတွက်တော့ code ရေးတာနဲ့ ရင်းနှီးနေပေမယ့်၊ တခြားသူတွေ(beginner) တွေကိုတော့ ဒီလိုမျှော်လင့်လို့ရမှာမဟုတ်ပါဘူး။ သင်သာ code ကိုတစ်ခါမှ မရေးဖူးဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ? ပထမဦးဆုံး ကျွန်တော် အကြံပေးချင်တာကတော့ w3schools.com (highly recommended), codecademy.com, freecodecamp.com တို့လို free online website တွေကနေစလေ့လာဖို့ပါပဲ။ အဲ့ဒီ website တွေကနေ basic language တွေဖြစ်တဲ့ HTML, CSS & JavaScript တို့ကို အရင်လေ့လာပြီးမှ အပြင်မှာ သင်တန်းတက်တာပိုအဆင်ပြေပါတယ်။ တချို့သင်တန်းတွေက basic ကနေစပြီး ကျောင်းသားတွေ သေသေချာချာ နားလည်အောင်သင်ပေးတတ်သလို၊ တချို့သင်တန်းတွေကတော့ လွယ်တယ်ဆိုပြီး အရေးပေးသင်လေ့မရှိပါဘူး။ ဒါကြောင့် ဦးစွာ basic language တွေကို online က self-study လုပ်ခြင်းဟာ သင်တန်းတက်တဲ့အခါ အလွန်အထောက်အကူပြုသလို၊ စာတွေရတဲ့အတွက်ကြောင့်လည်း code ရေးရတာကိုပျော်နေပါလိမ့်မယ်။
Online Free Websites
w3schools.com ကိုတော့ ကျွန်တော် highly recommend ပေးပါတယ်။ ကျွန်တော်လည်း ဒီ website ကပဲစလေ့လာခဲ့တာပါ။ ကျွန်တော့်အတွက်တော့တကယ်ကို အထောက်အကူဖြစ်ပါတယ်။ Web Development နဲ့ပတ်သတ်ရင် Frontend ကိုရော Backend ကိုပါ တစ်နေရာတည်းမှာလေ့လာလို့ရပါတယ်။ တစ်ချို့ framework တွေကိုလည်း w3schools မှာလေ့လာနိုင်ပါတယ်။ English စာအသုံးအနှုန်းတွေကလည်းလွယ်ကူတော့ English reading skill အနေနဲ့ အရမ်းမြင့်နေစရာမလိုပါဘူး။ သေသေချာချာ လေ့လာမယ်ဆိုရင် ၂ ပတ်လောက်အတွင်းမှာတင် HTML နဲ့ CSS ကိုကောင်းကောင်းနားလည်နိုင်ပါတယ်။ w3schools.com လိုပဲ နာမယ်ကြီးပြီး လေ့လာသူများတဲ့ codecademy.com နဲ့ freecodecamp လည်းရှိပါသေးတယ်။
YouTube
အပေါ်မှာဖော်ပြခဲ့တဲ့ free learning website တွေမှာအပြင် လူတိုင်းသိကြတဲ့ YouTube မှာလည်း Web Development အတွက် သင်ခန်းစာ ဗွီဒီယိုတွေအများကြီးရှိပါတယ်။ ကိုယ်လေ့လာချင်တဲ့ Language နာမယ်ကိုရိုက်ပြီး youtube search box မှာရှာနိုင်ပါတယ်။ ဥပမာ – html beginner tutorials, css intermediate tutorials, javascript from scratch, bootstrap 4 စသည်ဖြင့် ရိုက်နှိပ်ပြီးရှာဖွေနိုင်ပါတယ်။ video အားလုံးနီးပါးကို Eng လိုရှင်းပြထားတာဆိုတော့ English Skill နည်းနည်းတော့ရှိဖို့လိုပါတယ်။ တစ်နေရာတည်းမှာ English skill ရော coding skill ပါနှစ်ခုစလုံးကိုလေ့လာလို့လဲရပါတယ်။ မြန်မာလို Tutorial တွေကို ကြည့်ချင်ရင်တော့ YouTube မှာ Waifer Kolar ဆိုပြီးရိုက်နှိပ်ရှာဖွေနိုင်ပါတယ်။ ဒီဆရာရဲ့ရှင်းပြချက်တွေကိုလည်း သင်ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဆရာ Waifer Kolar ရဲ့ YouTube Channel ကို ကျွန်တော့်ကို အသိပေးခဲ့တဲ့ bro Phyo Min Thu ကိုလည်းကျေးဇူးတင်ပါတယ်။
Books
Website တွေမှာလေ့လာမယ်၊ YouTube မှာ video တွေကြည့်မယ်။ ဒါ့အပြင် Web Development နဲ့ပတ်သတ်တဲ့ စာအုပ်တွေကိုလည်းဖတ်နိုင်ပါတယ်။ English လိုဖတ်မယ်ဆိုရင်တော့ Web Development အတွက် စာအုပ်တွေက ဒုနဲ့ဒေးပါ(စာအုပ်အများစုက language တစ်ခုချင်းစီကိုအလေးထားဖော်ပြလေ့ရှိပါတယ်)။ ဒါမယ့် မြန်မာလိုတော့ ရှားပါတယ်။ မြန်မာလိုလည်းဖြစ်၊ PHP Web Application အတွက် အစကနေအဆုံးထိ ရှင်းပြထားတာလည်းဖြစ်၊ frontend ရော backend အတွက်ပါ language တွေရဲ့ ရှင်းလင်းချက်လည်းပါတဲ့ ဆရာ အိမောင်ရဲ့ Professional Web Developer စာအုပ်ကတော့ ကျွန်တော်အကြိုက်ဆုံးပါ။ စာအုပ်ကို ဒီ https://goo.gl/QipEqQ လင့်ကနေသွားပြီး free download ရယူနိုင်ပါတယ်။ အပြင်မှာလည်း ငွေ ၁၀၀၀၀ ကျပ်ပေးပြီး ဝယ်ယူနိုင်ပါတယ်။
အပေါ်မှာဖော်ပြခဲ့တာတွေက သင်တို့အတွက် web development ကို self-study လုပ်ပြီး စတင်လေ့လာဖို့ အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ တခြား သိချင်တာတွေရှိရင်လည်း မေးမြန်းနိုင်သလို အကြံပေးချင်တာရှိရင်လည်း ကြိုဆိုပါတယ်။
self-study လုပ်တဲ့အခါ ကိုယ်မသိတဲ့ error တွေကို ဖြေရှင်းရတာကတော့ တော်တော်လေးကိုမလွယ်ပါဘူး။ Facebook group တွေမှာ၊ Stackoverflow တို့ Quora တို့လို website တွေမှာ လည်းကိုယ်မသိတာရှိရင်မေးမြန်းလို့ရပါတယ်။
Self-study တစ်ခုတည်းလုပ်တာထက် အပြင်မှာလည်း သင်တန်းတက်ဖို့ကို ကျွန်တော်တိုက်တွန်းချင်ပါတယ်။ သင်တန်းတက်ခြင်းအားဖြင့် ကိုယ်မသိခဲ့တဲ့အရာတွေကိုသိလာရမှာ ဖြစ်သလို၊ တချို့ သိပြီးသားဖြစ်သော်လည်း မေ့နေတာတွေကို ပြန်နွှေးသလိုဖြစ်မှာပါ။ ဆရာ၊ ဆရာမတွေဆီက သူတို့သင်ပေးတဲ့အသစ်အသစ်တွေကိုရနိုင်သလို၊ သူငယ်ချင်းတွေဆီကလည်း မတူညီတဲ့အတွေးအခေါ်တွေကိုရနိုင်ပါတယ်။ project တွေလုပ်တဲ့အခါ သင်တန်းမှာ အဖွဲ့(team) တွေခွဲပေးလေ့ရှိတာကြောင့် teamwork ကိုလည်းတက်စေသလို၊ web developer အချင်းချင်း network လည်းရစေပါတယ်။
အပေါ်မှာဖော်ပြခဲ့တာတွေကတော့ Web Development ကိုဘယ်လိုလေ့လာရမလဲ၊ ဘယ်ကလေ့လာရမလဲဆိုတာတွေပဲဖြစ်ပါတယ်။ သင့်အတွက် ဒီ post ကအသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ Web Development ကိုလေ့လာနေတဲ့ အသိမိတ်ဆွေတွေရှိရင်လည်း post လေးကို share ပေးဖို့တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

You May Also Like…

5 New Features In WordPress 5.6

5 New Features In WordPress 5.6

Test your site in WordPress 5.6 As always, a big new update means loads of fixes, enhancements, and changes. Most of...

0 Comments

Submit a Comment

Your email address will not be published. Required fields are marked *