အရင်တုန်းကဆိုရင် Website တစ်ခုလုပ်တတ်ဖို့ တော်တော်လေးကို ခက်ခဲပါတယ်။ Programming Language တွေကို သေသေချာချာလေ့လာပြီး Code တွေရေးတတ်မှ Website တစ်ခုတည်ဆောက်နိုင်မှာပါ။ ကိုယ်ကိုတိုင်မရေးပဲ Agency တွေမှာ အပ်မယ်ဆိုရင်လည်း အနိမ့်ဆုံး Plan တွေကိုတောင် လေး၊ ငါးသိန်းဝန်းကျင်ပေးရပါတယ်။ အခုလည်း ထိုနည်းလည်းကောင်းပါပဲ။ 

ဒါပေမယ့် ကိုယ့် Website ကို ကိုယ်ကိုတိုင် လုပ်တတ်မယ်ဆိုရင် ဘယ် Agency ကိုမှ အားကိုးနေစရာမလိုပါဘူး။ ဒီနေ့ခေတ်မှာ WordPress, Joomla & Drupal တို့လို Dynamic ဖြစ်တဲ့ CMS (Content Management System) တွေလဲ ရှိနေပြီဆိုတော့ သာမန် Website တစ်ခုတည်ဆောက်တတ်ဖို့ HTML, CSS, JavaScript, PHP & MySQL တို့လို Programming Language တွေကိုလည်း အချိန်ကုန်ခံပြီး လေ့လာနေစရာမလိုတော့ပါဘူး။ ဒါကြောင့် CMS တစ်ခုကို ကောင်းကောင်း အသုံးပြုတတ်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ Website တွေကို အလွယ်တကူ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ 

မကြာခင်မှာ Dynamic CMS တွေထဲက တစ်ခုဖြစ်တဲ့ WordPress ကို အသုံးပြုပြီး Website လုပ်နည်းတွေကို ကျွန်တော့်ရဲ့ Facebook Page (The Khant Digital), Website (www.thekhantdigital.com) & YouTube Channel (The Khant Digital) တို့မှာ မကြာခင် တင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Website လုပ်နည်းတွေကို အခမဲ့ လေ့လာချင်ရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ Channel တွေကို Subscribe လုပ်ထားနိုင်ပါတယ်။ 

မသိတာတွေရှိရင်လည်း Comment မှာဖြစ်စေ၊ Messenger မှာဖြစ်စေ မေးမြန်းထားနိုင်ပါတယ်။ 

==================================
==================================
(Website တစ်ခု Run ဖို့ လိုအပ်တဲ့ Web Hosting နဲ့ Domain ကို thekhantdigital.com မှာ ဝယ်ယူနိုင်ပါတယ်။)
Shared Web Hosting:
Free Domain Name Checker:
0 Comments